GoGo Travel Application တည်ထောင်သူဟာ မြန်မာနိုင်ငံသား လူငယ်တစ်ဦးဖြစ်တဲ့ မဂလိုရီယာချိုပန်းချစ် ဖြစ်ပါတယ် ။ သူမဟာ အသက် 17 နှစ်တွင် ဤ application အားတည်ထွင်ရန် စိတ်ကူးယဉ်ရာမှ အကြံတစ်ခုရလာပါတယ် ။ အိမ်မက်တစ်ခုဟာ လက်တွေ့အကောင်အထည်ပေါ်လာဖို့ ဆက်မအိပ်ပဲ နိုးလာဖို့လိုတယ် ။ ဒါကြောင့် အသက် 18 နှစ်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်လာခဲ့ပါတယ် ။ သူမရဲ့ယုံကြည်မှုက လူငယ်တစ်ယောက်ရှင်သန်နေရခြင်းဟာ အိမ်မက်ရှိခြင်းကြောင့်ဖြစ်ပြီး ထိုအိမ်မက်အား အကောင်ထည်ဖော်နိုင်အောင် စိတ်ကူးယဉ်နေဖို့လိုတယ် ။ လူတိုင်းဟာ ခရီးလမ်းအစမှာ လမ်းပျောက်မယ် ၊ လမ်းလွဲမယ် ၊ လမ်းပြောင်းမယ် ။ မိမိစိတ်ကို အကြောက်တရားအား အနိုင်မပေးဖို့က အဓိကပါ ။
I wanted to become SOMEBODY,
so I dropped everything that made me a NOBODY.
လူငယ်တိုင်းမှာ အိမ်မက်ရှိပြီး ၊ မိမိအိမ်မက်ကို အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါတယ် ။ မြန်မာနိုင်ငံက လူငယ်များအတွက် ထောက်ပံ့မှုများ ၊ ပံ့ပိုးမှုများကို ပြုလုပ်သွားမည်ဖြစ်ပါတယ် ။ လူငယ်တွေကို အခွင့်အရေးပေးခြင်း ၊ ထောက်ပံ့ခြင်း ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်အောင် ကူညီပေးခြင်းများ ပြုလုပ်ရမည်ဟု ယုံကြည်မှုရှိခြင်းကြောင့်ဖြစ်ပါတယ် ။